အုတ်ဖိုမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအားထောက်ပံ့

အုတ်ဖို ဇူလိုင် ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မြစ်မခရေဝင်ရောက်မှုကြောင့် ဇူလိုင်လ ၂၂ ရက်နေ့က တက်ဆွဲကျေးရွာအုပ်စု၊ တက်ဆွဲကျေးရွာရှိ လူနေအိမ် (၆) လုံး မျောပါသွားမှုအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးသင့်ထောက်ပံငွေပေးအပ်ခြင်းကို တောင်ကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ယနေ့မွန်းလွဲပိုင်းက ရေဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးနှင့်အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှတာဝန်ရှိသူများက ရေဘေးသင့်၍ မျောပါခဲ့သည့်နေအိမ် (၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၆)စုရှိ လူဦးရေ (၁၇) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၅၇၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၆၃၅၇၀၀) ကျပ်နှင့် မျောပါလူနေအိမ် (၆)လုံးရှိ အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၆) ပုံးနှင့် စက္ကူကတ္ထူပုံး (၆) ပုံး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆန်၊ ကြက်ဥနှင့် ခေါက်ဆွဲတို့ကို ရေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အောင်သူ (အုတ်ဖို)