ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမျိုးဆွေ၀င်း မြစ်မခမြစ်ရေကြီးမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု

လက်ပံတန်း ဇူလိုင် ၂၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်မခမြစ်ရေမြင့်တက်ပြီး ကွင်းရေများ မြင့်တက်လာမှုကို ယနေ့နံနက် ၁၁ နာရီက ရောက်ရှိကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ် ဘီးလင်းအုပ်စု၊ ဖိုးကတိုးကျေးရွာရှိ တာပေါ်ရေကျော်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများအား ဖိုးကတိုးတာမကျိုးစေရေး၊ ကြံ့ခိုင်မှုရှိရေးအတွက် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရန်၊ ဖိုးကတိုးတာနှင့်ပတ်သက်၍ မြစ်ရေအတက်ကျပေါ် မူတည်ပြီးရေကင်းများချထားရန်၊ ထူးခြားမှုရှိပါက အချိန်နှင့်တစ်ပြေးညီတင်ပြနိုင်ရေး အလေးထားဆောင်ရွက်သွားရန်တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)