မိတ္ထီလာ ဇူလိုင် ၂၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် နွားနှင့်ဆိတ်မေထုတ်မဲ့သားစပ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄မတလ) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က စက်မှုလယ်ယာသင်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
နွားနှင့်ဆိတ်မေထုတ်မဲ့သားစပ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄မတလ) ဖွင့်ပွဲအခမ်းအနားတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးဌာနများရှိ မြို့နယ်များမှ ဝန်ထမ်းများနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်ငန်းသားများအား မေထုန်မဲ့သာစစပ်ခြင်းဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် နည်းစနစ်ကျနမှန်ကန်သော မေထုန်မဲ့သားစပ်ကျွမ်းကျင်သူအရေအတွက် တိုးပွားလာပြီး နိုင်ငံအနှံမေထုန်မဲ့သားစပ်လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာနိုင်ရန် ရည်ရွယ်၍ မိတ္ထီလာခရိုင်တွင် နွားနှင့်ဆိတ်မေထုတ်မဲ့သားစပ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄ မတလ) ကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် မိတ္ထီလာခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအောင်ထွန်းက နွားနှင့်ဆိတ်မေထုတ်မဲ့သားစပ်သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက မိတ္ထီလာခရိုင်တွင် နွားနှင့်ဆိတ်မေထုတ်မဲ့သားစပ်သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ နွားနှင့်ဆိတ်မေထုတ်မဲ့သားစပ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄ မတလ) ကို ဇူလိုင်လ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များရှိ တိရစ္ဆာန်ကျန်းမာရေးလုပ်သား ၁၀၀ ဦးအား ပို့ချပေးသွားမည်ဖြစ်ရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်ငန်းသားများအား နည်းစနစ်ကျနမှန်ကန်သော မေထုန်မဲ့သားစပ်ခြင်းဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းဖြင့် သားစပ်သူများ၏ ကျွမ်းကျင်မှုအရည်အသွေး မြင့်မားလာစေပြီး မျိုးကောင်း၊ မျိုးသန့်၊ မျိုးမြင့်တိရစ္ဆာန်များ တိုးတက်ပွားများလာကာ နိုင်ငံတော်၏သားငါးထုတ်လုပ်မှု ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုရာရောက်မည်ဖြစ်ကြောင်းသိရပြီး ၎င်းသင်တန်းကို ပြည်ထောင်စုနယ်မြေ(နေပြည်တော်)နှင့် ကျောက်ဆည်ခရိုင်တို့တွင်လည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)