ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မင်းလှမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

မင်းလှ ဇူလိုင် ၂၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများသည် ယနေ့မွန်းလွဲပိုင်းက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ထန်းပင်ကုန်း‌ကျေးရွာ၊ အ.ထ.က(ခွဲ)ထန်းပင်ကုန်းကျောင်းတွင် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧရာဝတီမြစ်ရေတက်ပြီး မြစ်လက်တက်ဖြစ်သည့် မြစ်မခမြစ်အတွင်းသို့ မြစ်ရေဝင်ရောက်မှုကြောင့် ရေးကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်အတွက် ထန်ပင်ကုန်းအုပ်စု၊ ထန်းပင်ကုန်းကျေးရှိ ရေဘေးသင့်ပြည်သူများကို အားပေးစကားပြောကြားပြီး ‌အိမ်ထောင်စု (၃၅)စု၊ လူဦးရေ(၉၆)ဦးအတွက် ဆန်(၅)အိတ်၊ ကြက်ဥ(၁၀၀၀)လုံး၊ ခေါက်ဆွဲခြောက်(၅)ဖာ၊ ရေသန့်ကဒ်(၁၀)ကဒ်တို့အား ပေးအပ်လှူဒါန်းပေးခဲ့ကြောင်းနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

မင်းလှမြို့နယ်တွင် ကျေးရွာအုပ်စု (၄)အုပ်စု၊ ကျေးရွာခွဲ (၁၃)ရွာ၌ အိမ်ခြေ (၂၆၇၃)အိမ်တွင် ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ပေါက်စ