ဟားခါး ဇူလိုင် ၂၅
ပြည်နယ်အဆင့် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့(၁/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်အဆင့် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟားခါးခရိုင်၊ ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်အဆင့် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အခွန်ကောက်ခံသည့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအနေဖြင့် သက်မှတ်ချက်နှင့်အညီ လျာထားချက်ပြည့်မီစွာ အခွန်ကောက်ခံနိုင်ရေးအတွက် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ကို တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အထိ ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊ အခွန်ထမ်းဆောင်ခြင်းသည် နိုင်ငံသားတိုင်း၏တာဝန်တစ်ရပ်ဖြစ်သည်ကို ကလေးကအစ သိရှိရန်လိုအပ်ပါကြောင်း၊ အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာများ အနေဖြင့် သက်မှတ်ချက်နှင့်အညီ လျာထားချက်ပြည့်မီစွာ အခွန်ကောက်ခံနိုင်ရေးအတွက် အကြုံပြုဆွေးနွေး တင်ပြကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ယင်းနောက်ပြည်နယ်အဆင့် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ တွဲဖက်အတွင်းရေးမှူး ပြည်နယ်အခွန်ဦးစီးမှူး ဦးကျော်စွာဦးက ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ ဖွဲ့စည်းမှု၊ လုပ်ငန်းတာဝန်များ၊ ချင်းပြည်နယ်အတွင်း ဘဏ္ဍာရေးနှစ်အလိုက် အခွန်ကောက်ခံရရှိမှုအခြေအနေ၊ ကုန်သွယ်လုပ်ငန်းခွန်၊ အမှုများ စည်းကြပ်ပြီးပြတ်မှုအခြေအနေ ၊ ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံး၏ စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေခွန်အပေါ် ဝင်ငွေခွန် ကောက်ခံရရှိမှု စသည့်အချက်များကို Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းတင်ပြပြီး ပြည်နယ် အဆင့် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြသည်။
ထို့နောက်ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်နှင့် ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်တို့က အကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချုပ်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် ( ပြန်/ဆက် )