ဟင်္သာတ ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် နိုင်ငံဝန်ထမ်းများ ပြည်သူများအား ယနေ့နံနက် (၉) နာရီက ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကိုဗစ်ကာကွယ်ဆေး Pfizer(O) များ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးရာသို့ ဟင်္သာတ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင်နှင့် ကျန်းမာရေး ဝန်ထမ်းများ ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာနှင့် သူနာပြုဆရာမများ က အသက် ၆၀ နှင့်အထက် ပြည်သူများ၊ အသက် ၄၀နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းများ၊ ၁၈နှစ်အထက် နာတာရှည်ရောဂါရှိသူများ ကိုယ်ဝန်ဆောင်မိခင်များ၊ ဝန်ထမ်းမိသားစုများအား ကိုဗစ်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရာသို့ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုအပ်သော ကူညီဆောင်ရွက်မူများ ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြသည်။
ဟင်္သာတခရိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေနှင့် ဟင်္သာတမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များ၊ ဌာနဆိုင်ရာရုံးစုရပ်များ၊ ဘိုးဘွားရိပ်သာများ၊အကျဥ်းဦးစီးဌာနများသို့ပါ ကိုဗစ်ကာကွယ်ဆေးထိုး အဖွဲ့များခွဲ၍ နေ့စဥ်ကွင်းဆင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)