ကျိုက်လတ်၌ မိုဘိုင်းဖုန်းအရောင်းဆိုင်များအား မြို့နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့(ပူးပေါင်းအဖွဲ့)ဖြင့် စစ်ဆေးဆောင်ရွက်

ကျိုက်လတ် ဇူလိုင် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ မြို့ပေါ်ရပ်ကွက်များရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်များအား ယနေ့နေ့လယ်ပိုင်းအချိန်မှစတင်၍ မြို့နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ (ပူးပေါင်းအဖွဲ့)ဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်နိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ စားသုံးသူရေးရာဦးစီးဌာန၊ အခွန်ဦးစီးဌာနနှင့် မြို့နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ (ပူးပေါင်းအဖွဲ့)မှ မြို့နယ်အတွင်းရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်များအား သက်တမ်းလိုင်စင် ရှိ၊ မရှိ၊ ဆင်းကဒ်မှတ်ပုံတင်ဖြင့် ရောင်းဝယ်မှု ရှိ၊ မရှိ၊ အခွန်တံဆိပ်‌ခေါင်းများ တပ်ဆင်ထားခြင်း ရှိ၊ မရှိတို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)