နတ်မောက်မြို့နယ် ကျောက်တံခါးကျေးရွာတွင် နွေစပါးစံကွက်ရိတ်သိမ်း

နတ်မောက် ဇူလိုင် ၂၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်း နွေစပါးစိုက်တောင်သူများ စပါးမျိုးကောင်း၊ မျိုးသန့်များ စိုက်ပျိုးပြီး ဝင်ငွေတိုးပွားစေရန်အတွက် နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့က ကျောက်တံခါးကျေးရွာတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို နတ်မောက်မြို့နယ် ကျောက်တံခါးဆည်ရေသောက်သုံးလျက်ရှိသည့် ကျောက်တံခါးကျေးရွာ ကွင်းအမှတ် (၉၁၇) ရှိ တောင်သူဦးလှကြိုင်၏ နွေစပါးမျိုးဖြစ်သည့် ရတနာတိုးစပါးမျိုးစံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်းအစို ၁၁၉ ဒဿမ ၅၈ တင်းထွက်ရှိသည်။နတ်မောက်မြို့နယ် အလယ်ရွာကျေးရွာတွင် နွေစပါးစံကွက်ရိတ်သိမ်းခြင်းသို့ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် စိုက်ကြပ်အဖွဲ့ဝင်များနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း