နတ်မောက် ဇူလိုင် ၂၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကွန်ကရစ်လမ်းခင်းခြင်းကို ကျားမင်းလမ်းသွယ် (၂) လမ်း၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါကျားမင်းလမ်းသွယ် (၂) လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ခွင့်ပြုရန်ပုံငွေ ၂၃ ဒဿမ ၀၀ ကျပ်သန်း အကုန်အကျခံကာ အရှည် ၁၉၃ ဒဿမ ၂၃ မီတာ၊ အကျယ် ၃ ဒဿမ ၆၆ မီတာနှင့် ထု ၀ ဒဿမ ၁၅ မီတာအား တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ကွန်ကရစ်လမ်းပြီးစီးပါက ရာသီမရွေး ဒေသခံပြည်သူများ ဝင်ထွက်သွားလာလွယ်ကူပြီး မိုးတွင်းကာလတွင် ဗွက်ထူခြင်း၊ ရေဝပ်ခြင်း၊ သွားလာမှုခက်ခဲခြင်းများ ကင်းဝေစေ၍ အများပြည်သူ စိတ်ချမ်းမြေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
လှဝင်း