သရက် ဇူလိုင် ၂၆
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်အမျိုးသမီးကော်မတီညှိနှိုင်းအစည်းအဝေး ကျင်းပခြင်းကို ဇူလိုင်လ (၂၄) ရက် နံနက် (၁၀) နာရီက ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ခရိုင်အမျိုးသမီးကော်မတီဝင်များ တက်ရောက်ခဲ့သည်။
အဆိုပါအခမ်အနားတွင် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ခရိုင်အမျိုးသမီးကော်မတီအတွင်းရေးမှူး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပေးခဲ့သည်။
ထို့နောက် ကော်မတီဝင်များမှ ဆွေးနွေးတင်ပြပေးမှုအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)