ရေကြည် ဇူလိုင် ၂၆
ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်ရှိ မြို့မစည်ပင်သာယာစျေးအတွင်း၌ ဆေးနှင့်ဆေးပစ္စည်း စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ၊ ဆေးဝါးများ စျေးနှုန်းမြှင့်တင်ရောင်းချရန် သိုလှောင် ထားခြင်း ရှိ / မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့မွန်းလွဲပိုင်း(၁) နာရီ အချိန်က လိုက်လံကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စျေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ ရေကြည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ချယ်ရီမြင့်နှင့် တာဝန်ရှိသူများသည် ရေကြည်မြို့မ စည်ပင်သာယာစျေးအတွင်းရောင်းချလျှက်ရှိသော ဆေးနှင့်ဆေးပစ္စည်း ဆိုင်များတွင် အများပြည်သူများအတွက် ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သည့်စျေးဖြင့် ရောင်းချခြင်း ရှိ/မရှိ၊ ဆေးဝါးများအား စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းရှိ/ မရှိကို လိုက်လံ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မေသန့်ဇင် (ပြန်/ဆက်)