ဟင်္သာတ ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မြို့နယ်အဆင့် မွေးဖွားမူနှင့်သေဆုံးမူ မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ဇူလိုင် ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များက မိမိတို့ဌာနများမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော လုပ်ငန်းကိစ္စရပ်များနှင့် ပတ်သက်ပြီး တစ်ဦးချင်းဆွေးနွေးတင်ပြခဲ့ကြသည်။ ထို့နောက် ရပ်ကျေးစာရေးများ၊ ကျန်းမာရေးဌာန ဆရာမများ၊ လဝကရုံးဝန်ထမ်းများက မိမိတို့ရပ်ကွက် ကျေးရွာများအလိုက် မွေးဖွားမူနှင့်သေဆုံးမူ မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ အားတိုက်ဆိုင်စစ်ဆေး၊ စာရင်းသွင်းအတည်ပြုခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ လူဝင်မူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ စီမံကိန်း၊ ဥပဒေ၊ ဆက်သွယ်ရေး၊ လူမူဝန်ထမ်းဌာနများမှ တာဝန်ရှိသူများ ဝန်ထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)