ပြည် ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ပြည်သာယာရပ်ကွက်၌ ဇူလိုင် ၂၄ ရက်က မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေဝင်နစ်မြုပ်မှုကြောင့် ပြိုလဲပျက်စီးခဲ့သော (သွပ်မိုး/ပျဉ်ခင်း) လူနေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ယမန်နေ့ညနေ ၆ နာရီအချိန်တွင် ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်တင်တင်ချိုက ပြိုလဲပျက်စီးခဲ့သော နေအိမ်မိသားစုကို အားပေးစကားပြောကြားပြီး အဆိုပါ နေအိမ်ပြိုလဲပျက်စီးမှုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ်၂သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆မျိုးပါ ပလတ်စတစ် Box တစ်လုံးတို့ကို ခရိုင်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးနှင့် အသင်းအဖွဲ့ဝင်များနှင့်အတူ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုဆက် (ပြန်/ဆက်)