ကိုကိုးကျွန်း ဇူလိုင် ၂၆
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ကောက်ယူမည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရန်အတွက် သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်၏ အခန်းကဏ္ဍနှင့် စီမံကွပ်ကဲရမည့် လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ အများပြည်သူလူထု နားလည်သဘောပေါက်စေရန် ရှင်းလင်းခြင်းနှင့် မြို့အဆင့်လုပ်ငန်းကော်မတီ၊ ရပ်ကွက်ကျေးရွာ လုပ်ငန်းကော်မတီးများအလိုက် ဆောင်ရွက်ရမည့်တာဝန်များကို ရှင်လင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်၌ ကိုကိုးကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကိုကိုးကျွန်းမြို့နယ် သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဆန်းမင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီအတွင်းရေးမှူး ဦးတင်စိုးမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်ရမည့်အချက်အလက်များကို အများပြည်သူများသိရှိစေရန် အကျယ်တဝံ့ ရှင်းလင်းဆွေးနွေးခြင်း၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် ဖွဲ့စည်းထားသည့် ကော်မတီဝင်များသိရှိရမည့် လုပ်ငန်းတာဝန်များကို ချပြဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းမင်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေး စောင့်ရှေက်ရေးနှင့် အမျိုးသမီးရေရာအသင်းဝင်များ စုစုပေါင်း ၂၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)