ပန်းတောင်း ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေသည် ယမန်နေ့မှစ၍ (၉၁.၀) ပေသို့ပြန်လည်ကျဆင်းခဲ့ပြီး မြို့နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းများမှ ရေဘေးသင့်အိမ်ခြေ (၅၈၇) အိမ်၊ အိမ်ထောင်စု (၆၀၇) စု၊ လူဦးရေ ကျား (၁၀၁၀) ဦး၊ မ (၁၁၃၉) ဦး စုစုပေါင်း (၂၁၄၉) အနက် ရေဘေးသင့်အိမ်ခြေ (၈၉) အိမ်၊ အိမ်ထောင်စု (၈၉) စု၊ လူဦးရေ ကျား (၁၃၇) ဦး၊ မ (၁၅၈) ဦး၊ စုစုပေါင်း (၂၉၅) ဦး ၎င်းတို့၏နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ မြို့နယ်အတွင်း၌ရေဘေးသင့် အိမ်ခြေ (၄၉၈) အိမ်၊ အိမ်ထောင်စု (၅၁၈) စု၊ လူဦးရေ ကျား (၈၇၃) ဦး၊ မ (၉၈၁) ဦး စုစုပေါင်း (၁၈၅၄) ဦး ကျန်ရှိနေပြီး ၎င်းတို့အား နံနက်စာ၊ နေ့လယ်စာ၊ ညစာများ ကျွေးမွေးနိုင်ရေးနှင့် ထောက်ပံ့ရေးဆိုင်ရာကိစ္စရပ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် အဖွဲ့ဝင်များဦးဆောင်၍ သက်ဆိုင်ရာ ဌာနများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များ ပူးပေါင်း၍ အလှူရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)