လယ်ဝေး ဇူလိုင် ၂၆
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာများ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပသည်။
ရှေးဦးစွာ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ဝေကြည်စန်းအောင်က စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ အပြန်အလှန်ဖလှယ်ဆွေးနွေးနိုင်ရေးနှင့် စာပေမြတ်နိုးသူများအချင်းချင်း ချစ်ခင်စည်းလုံးမှု ပိုမိုရရှိစေရေးရည်ရွယ်ကာ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် စာရေးဆရာ သဘာဝ၊ ဆရာ စိန်လင်းထက်၊ ဆရာ ရွှေပြည်စိုး (မိုးကုတ်)၊ ဆရာ ကျော်လွင်မြင့် (မှော်ဝန်း)၊ ဆရာမောင်ကျော်ဇော၊ ဦးတင်ငွေနှင့် ဦးဇော်အောင်တို့က စာရေးဆရာမယဥ်ယဥ်နု (မန္တလေး) ၏ ကြက်ခြေခတ်ကလေးများနှင့် လူငယ်ဝတ္ထုတိုများစာအုပ်အား ဖတ်ရှုဆွေးနွေးခဲ့ကြောင်း သိရသည်။
အိအိငြိမ်းဖြူ ( ပြန်/ဆက် )