သတင်းများ

တာမွေမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ထိန်ချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ
Jul 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ မြို့နယ်လူမှုကူညီရေးအသင်းအဖွဲ့များပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ထိန်ချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဘားအံမြို့၌ သံလွင်မြစ်ရေမြင့်တက်၍ ပြည်သူ(၁၀၀၀)ကျော်အား ယာယီရေးဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထားပေး
Jul 26,2024
ကရင်ပြည်နယ်၊ ဘားအံမြို့၌ သံလွင်မြစ်ရေသည် ယနေ့နံနက်ပိုင်းတွင် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၈၅၃ စင်တီမီတာသို့ ရောက်ရှိနေပြီး လူနေရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်လာရာ ယနေ့နံနက်ပိုင်းက ရပ်ကွက်နေပြည်သူအချို့ ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်ကြပြီး ရေလွှမ်းမိုးခံပြည်သူများအား တာဝန်ရှိသူတို့က ကူညီနေရာချထားပေးလျက်ရှိကြောင်း သိရသည်။
ကမမောင်းမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့နှင့် အခြေခံပညာ စာသင်ကျောင်းများအတွင်းသို့ ရေများဝင်ရောက်လျက်ရှိ
Jul 26,2024
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေလျှံတက်လျက်ရှိပြီး မြေနိမ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ်များနှင့် စာသင်ကျောင်း အတွင်းသို့ ရေများ စတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ဘီးလင်းမြို့နယ်၌ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Jul 26,2024
မွန်ပြည်နယ်၊   ဘီးလင်းမြို့နယ်၌ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ဇူလိုင်လ ၂၅ ရက် မွန်းလွဲ ၂ နာရီက ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်
Jul 26,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် လူငယ်ရေးရာနှင့်ပတ်သက်သောအကြောင်းအရာများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာခရိုင်တွင် ကျေးရွာ ၁၃ ရွာရှိ စိုက်ဧက ၁၁၅၂ ဧကမှ ထွက်ရှိသည့် ထွက်ကုန်သီးနှံများ စျေးကွက်သို့ အချိန်မီသယ်ယူပို့ဆောင်နိုင်ရေး ကျေးလက်ကုန်ထုတ်လမ်းသုံးလမ်း ဖောက်လုပ်
Jul 26,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်၌ ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးရွာ ၁၃ ရွာရှိ စိုက်ဧက ၁၁၅၂ ဧကမှ ထွက်ရှိသည့် ထွက်ကုန်သီးနှံများ စျေးကွက်သို့ အချိန်မီသယ်ယူပို့ဆောင်နိုင်ရေး ကျေးလက်ကုန်ထုတ်လမ်းသုံးလမ်း ဖောက်လုပ်လျက်ရှိကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်
သာကေတမြို့နယ်၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြင့်ဆောင်ရွက်
Jul 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် (၁၉) ရပ်ကွက်အတွင်းရှိ ပြည်သူများ ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှုမရှိစေရန်၊ ရောဂါဇစ်မြစ်ကွင်းဆက်ပြတ်စေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၏ စီမံကြီးကြပ်မှုဖြင့်တာဝန်ရှိသူများ မြေပြင်ကွင်းဆင်းကာ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၁) နာရီအချိန်က သာကေတမြို့နယ် (၁၉) ရပ်ကွက်အလိုက် သာကေတမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူဦး‌ဆောင်၍ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များ ပါဝင်သောပူးပေါင်းအဖွဲ့များမှ လက်ရှိဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ အသိပညာ‌ပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးရောက်ရှိသည့်အခါ ရွှေစည်းခုံဘုရားဝင်းအတွင်း ကြေးဂူတိုက်လေးခုအတွင်းမှ ပဉ္စလောဟာမတ်ရပ်ဆင်းတုတော်များကို ဖူးမြော်လေ့လာနိုင်
Jul 26,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေ့လာရေး ဘုရားဖူးလာရောက်ဖြစ်ပါက ရွှေစည်းခုံဘုရားဝင်းအတွင်း ကြေးဂူတိုက်လေးခုမှ ပဉ္စလောဟာမတ်ရပ်ဆင်းတုတော်များကို လေ့လာနိုင်သည်။