သတင်းများ

ဘီးလင်းမြို့နယ်တွင် ဘီးလင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်မြင့်တက်လာမှုကြောင့် ရေဘေးရှောင်စခန်း (၁၃)ခု ဖွင့်လှစ်ထားရှိ
Jul 26,2024
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ရပ်ကွက်ကျေးရွာများရှိ နေအိမ်များသို့ ရေကြီးရေလျှံမှုဖြစ်ပွားကာ ရေဘေးသင့်ပြည်သူများအား ဘေးရှောင်စခန်း(၁၃)ခုဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(အင်ပု)တွင် မိုးကောင်းရတနာ ကျောင်းစာကြည့်တိုက်ဖွင့်ပွဲ ကျင်းပ
Jul 26,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၇) ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း (အင်ပု)တွင် ယနေ့နံနက် ၁၀ နာရီက မိုးကောင်းရတနာ ကျောင်းစာကြည့်တိုက်ဖွင့်ပွဲ ကျင်းပခဲ့သည်။
ပဲခူးမြို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်
Jul 26,2024
ပဲခူးမြို့နယ်အတွင်းရှိ ပြည်သူများ မိုးရာသီကာလဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။
ပေါင်မြို့နယ်၌ သက်သာသော‌ဈေးနှုန်းများဖြင့် အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးလျက်ရှိ
Jul 26,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သက်သာသောစျေးနှုန်းများဖြင့် အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ယနေ့နံနက် (၆) နာရီက ကဒါရပ်ကွက်၊ မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဒါးက မြစ်ရေမြင့်တက်မှုကြောင့် မိုးစပါး စိုက်ဧကများ ရေကြီးနစ်မြုပ်မှုဖြစ်ပွား
Jul 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးက မြစ်ရေမြင့်တက်မှုကြောင့် မိုးစပါး စိုက်ဧကများ ရေကြီးနစ်မြုပ်မှုဖြစ်ပွားလျက်ရှိရာ ဇူလိုင်လ (၂၆) ရက်နေ့ နံနက်(၈)နာရီ အချိန်ခန့်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၊ မြို့နယ်မြေစာရင်း ဦးစီးမှူး ဦးသန်းဇော်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်စိုးနှင့်တာဝန်ရှိသူများက သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းကြောင့်  နေအိမ်နှင့် ဓာတ်တိုင်များ ပြိုလဲပျက်စီး
Jul 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ သံဒိဇီးဖြူကုန်းကျေးရွာအုပ်စုရှိ၊ အကယ်ချောင်းဝကျေးရွာတွင် ယနေ့နံနက်(၇)နာရီကျော်ခန့်က မိုးသည်းလေထန်ခြင်းကြောင့် ဦးခင်မောင်လွင် ပိုင်ဆိုင်သော အလျား(၂၀)ပေ၊ အနံ(၁၂)ပေရှိ သွပ်မိုး၊ ပျဥ်ကာ၊ ပျဉ်ခင်းနေအိမ်ပြိုကျပျက်စီးခြင်း၊ ဒေါ်ညိုညိုစန်း ပိုင်ဆိုင်သော အလျား (၂၄) ပေ၊ အနံ (၁၂) ပေရှိ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း၊ အမိုးလန် ပျက်စီးခြင်းနှင့်  ဒေါ်တင်မိုး ပိုင်ဆိုင်သော  အလျား(၁၅)ပေ၊ အနံ(၁၅)ပေရှိ ဓနိမိုး၊ ဝါးထရံကပ်၊ ဝါးခင်းနေအိမ်သည် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့သည်။
ငါးသိုင်းချောင်းမြို့ ငဝန်တာတွင် ကြွက်တွင်း၊ ခြတွင်းများကြောင့်  တာရေယိုစိမ့်မှုဖြစ်ပွား
Jul 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ယနေ့နံနက်(၆)အချိန်က ငဝန်တာမိုင် ၄၆/၅ဖာလုံ၊ ၄၆/၅+၂၅၀ဖာလုံနှင့် ၄၆/၅+၃၀၀ဖာလုံတို့တွင် ကြွက်တွင်း၊ ခြတွင်းများကြောင့် မြေနူးကာ ရေပေါက်ဖြစ်၍ တာရေယိုစိမ့်မှုဖြစ်ပွားခဲ့သည်။