သတင်းများ

အုတ်တွင်းမြို့နယ်၌ တိရစ္ဆာန်အစာအဖြစ် ကောက်ရိုးကို ယူရီးယားဖြင့် ပြုပြင်ကျွေးမွေးခြင်းအကြောင်း အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်
Jul 27,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ ဆင်ကုန်တိုင်ကျေးရွာ၌ ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် ကျေးလက်နေပြည်သူများအား တိရစ္ဆာန်အစာအဖြစ် ကောက်ရိုးကို ယူရီးယားဖြင့် ပြုပြင်ကျွေး မွေးခြင်း အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ပခုက္ကူတက္ကသိုလ်၌ ဆိုကရေးတီးပြိုင်ပွဲလူရွေးပွဲနှင့် ဝဿန်မိုးသီချင်းဆိုပြိုင်ပွဲ ကျင်းပ
Jul 27,2024
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ဆိုကရေးတီးပြိုင်ပွဲလူရွေးပွဲနှင့် ဝဿန်မိုးသီချင်းဆိုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည်။
ဖျာပုံမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric စာရင်းရေးသွင်းလျှောက်လွှာ ပုံစံများနေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်ပေး
Jul 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် သမိန်ထောကုန်းတန်းကျေးရွာ၊ အ-ထ-က(သမိန်ထော)ကျောင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန" လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)အဖြစ် ယနေ့နံနက်(၁၀)နာရီအချိန်က အ-ထ-က(သမိန်ထော)ကျောင်း၊ အနန္တဂုဏ်ရည်ခန်းမတွင် ပညာရေးဝန်ထမ်းများနှင့်ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric စာရင်းရေးသွင်းလျှောက်လွှာပုံစံများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
အုတ်တွင်းမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ​တော် ကျင်းပ
Jul 27,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ ဂေဟစနစ်ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းနိုင်စေရေးအတွက် ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပခြင်းကို ယနေ့နံနက်ပိုင်းက ပေါက်တောကျေးရွာအုပ်စု၊ ရေသိုးဆည်အနီး ပန်းတင်တောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့၍ သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ပြည်သူ(၅၀၀၀)ကျော် ရေဘေးလွတ်ရာများသို့ ပြောင်းရွေ့နေရာချထားပေး
Jul 27,2024
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးများအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေလျံတက်မှုများကြောင့် စိုးရိမ်ရေအမှတ် (၇၅၀)စင်တီမီတာအထက် ကျော်လွန်ပြီး (၉၀၀) စင်တီမီတာသို့ ရောက်ရှိခဲ့ရာ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် လူနေအိမ်များသို့ ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။
မော်လမြိုင်မြို့၌ လစာ၊ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Jul 27,2024
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ လစာ၊ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ခြောက်ထပ်ရုံး)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်၊ ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်အား ကြည့်ရှုအားပေး၊ ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး ကြည့်ရှုစစ်ဆေး
Jul 27,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးနှင့် လူအများ ဝင်/ ထွက်သွားလာရာနေရာများအား သန့်ရှင်းသပ်ရပ်မှုရှိစေရေး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့ပေါ်ရှိ စေတီပုထိုးများနှင့် အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
မြဝတီမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့၍ သောင်ရင်းမြစ်ရေမြင့်တက်မှုကြောင့် ပြည်သူ (၄၀၀၀) ကျော် ရေဘေးလွတ်ရာသို့ ပြောင်းရွေ့နေရာချထားပေး
Jul 27,2024
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး သောင်ရင်းမြစ်ရေလျှံတက်မှုကြောင့် စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာထက် ကျော်လွန်ခဲ့ရာ ဇူလိုင် ၂၅ ရက်နေ့ ညနေပိုင်းမှစတင်ကာ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် လူနေအိမ်များသို့ ရေစတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။