အုတ်တွင်း ဇူလိုင် ၂၇
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ ဆင်ကုန်တိုင်ကျေးရွာ၌ ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် ကျေးလက်နေပြည်သူများအား တိရစ္ဆာန်အစာအဖြစ် ကောက်ရိုးကို ယူရီးယားဖြင့် ပြုပြင်ကျွေး မွေးခြင်း အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။
လက်တွေ့သရုပ်ပြသဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက တိရစ္ဆာန်အစာအဖြစ် ကောက်ရိုးကိုယူရီးယားဖြင့် ကျွေးမွေးခြင်းကြောင့် ကျွဲနွားများကြီးထွားနှုန်းမြင့်တက်လာခြင်း၊ နို့စားနွားများကို နို့ထွက်နှုန်းမြင့်မားလာ၍ အသားတိုးနွားများ အသားထွက်နှုန်းမြင့်မားလာခြင်း စသည့်အကျိုးကျေးဇူးများရရှိလာမည်ဖြစ်ကြောင်း ကွင်းဆင်း၍ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)