သတင်းများ

ကော့သောင်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ဒီရေတောသစ်ပင်စိုက်ပျိုးကျင်းပ
Jul 26,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအုပ်စု၊ (၂၂)မိုင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေအမှတ် အထက် (၄ပေ) ကျော်လွန်ရောက်ရှိ
Jul 26,2024
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် ဇူလိုင်လ ပထမပတ်မှစ၍ မိုးများအဆက်မပြတ် သည်းထန်စွာရွာသွန်းနေမှုကြောင့် ယနေ့နံနက် ၁၀ နာရီက တိုင်းထွာချက်အရ တနင်္သာရီမြစ်ရေသည် သာမန်မြစ်ရေအထက် (၂၁ ပေ) (၆၄၀.၀၈ စင်တီမီတာ) အထိ ရောက်ရှိနေရာ တနင်္သာရီမြို့နယ်၏ စိုးရိမ်ရေအမှတ် အထက် (၄ ပေ)ကျော်လွန်နေသည့်အတွက် မြို့နယ်၏ အန္တရာယ်ရေအမှတ် (၂၄ ပေ) သို့ ရောက်ရှိရန် (၃ ပေ) (၉၁.၄၄ စင်တီမီတာ)ခန့်သာလိုတော့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ မြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားခဲ့သည့် အခြေခံပညာကျောင်း တစ်ကျောင်း ပြန်လည်ဖွင့်လှစ်
Jul 26,2024
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဇူလိုင်လ ဒုတိယပတ်ကစတင်၍ မြစ်ရေဝင်ရောက်သည့် အခြေခံပညာကျောင်းများကို ယာယီပိတ်ထားခဲ့ရာ ရေအနည်းငယ်ပြန်လည်ကျဆင်းသွားသည့်အတွက် ဇူလိုင် ၂၅ ရက်နေ့က အ.မ.က (ထိန်ချောင်း) ကျောင်းကို ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျောင်းသား/ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေး
Jul 26,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကျည်တောင်ကျေးရွာ အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဇေယျာသီရိမြို့နယ်၌ နေပြည်တော်ကုသရေးဦးစီးဌာနမှ ကွင်းဆင်းဆေးကုသနေမှုအား ကြည့်ရှုအားပေး
Jul 26,2024
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာအုပ်စု၊ ခေတ်အေးကျေးရွာရှိ သုဇနကာရီ နယ်စပ်ဒေသတိုင်းရင်းသားလူငယ် ဖွံ့ဖြိုးရေးပရဟိတသာသနာပြုကျောင်း၌ နေပြည်တော်ကုသရေးဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများဖြင့် ကွင်းဆင်းဆေးကုသနေမှုအား ယနေ့နံနက်ပိုင်းက လာရောက်ကြည့်ရှုအားပေးခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 26,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။  
မက်မန်းမြို့နယ်၌ လူကုန်ကူးမှုတားစီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးစစ်ဆေးခြင်းများ ဆောင်ရွက်
Jul 26,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစနစ်တကျ မောင်းနှင်နိုင်စေရေး အသိပညာပေးစစ်ဆေးခြင်းကို ယနေ့ နံနက် (၈) နာရီအချိန်က မက်မန်း-မိုင်းပျဉ်း အမြန်လမ်းမပေါ်ရှိ ဆွတ်ဝိုးဂိတ်တွင် သွားရောက်ဆောင်ရွက်ခဲ့သည်။
ချောင်းဆုံမြို့နယ်၌ ယခုနှစ်မိုးသီးနှံ စိုက်ပျိုးရာသီအတွင်း မိုးစပါးစိုက်ပျိုးနိုင်ရန် လျာထားချက်၏ (၉၅)ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးစီး
Jul 26,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ရာသီအလိုက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ယခုနှစ်အတွင်း မိုးစပါးစိုက်ဧက (၆၅၂၄၂)ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး မိုးသီးနှံစတင်စိုက်ပျိုးချိန်မှ ဇူလိုင်လ(၂၆)ရက်နေ့အထိ မိုးစပါး (၆၂၀၃၂)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားချက်၏ (၉၅,၀၈)ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း  သိရသည်။