သတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ တရားလွှတ်တော်တရားသူကြီး ဒေးဒရဲအချုပ်ထောင်အား ကြည့်ရှုစစ်ဆေး
Jul 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ တရားလွှတ်တော်တရားသူကြီးဒေါ်ခင်စန်းဝင်းသည် တိုင်းဒေသကြီးတရားရေး ဦးစီးမှူးဒေါ်ထွေးထွေး၊ ဖျာပုံခရိုင်တရားသူကြီးဒေါ်မိုးမိုးခိုင်တို့နှင့်အတူ ယနေ့မွန်းလွဲ(၂)နာရီက ဒေးဒရဲအချုပ်ထောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ အချုပ်ထောင်တာဝန်ခံအရာရှိက အကျဥ်းထောင်အတွင်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ကြို့ပင်ကောက်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ရေသန့်နှင့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပစ္စည်းများပေးအပ်
Jul 27,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် မြစ်မခမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရေသန့်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တနင်္သာရီမြို့တွင် တနင်္သာရီမြစ်ရေကြီးနေသဖြင့် အခြေခံပညာကျောင်း (၅)ကျောင်း ယာယီပိတ်ထား
Jul 27,2024
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့၌ ဇူလိုင်လ ပထမပတ်မှစ၍ မိုးများသည်းထန်စွာ အဆက်မပြတ်ရွာသွန်းနေမှုကြောင့် တနင်္သာရီမြစ်ရေသည် တဖြည်းဖြည်းမြင့်တက်လာပြီး ယမန်နေ့ ညနေ ၆ နာရီအချိန် တိုင်းထွာချက်အရ တနင်္သာရီမြို့နယ်၏ စိုးရိမ်ရေအမှတ်အထက် (၄ ပေ) (၁၂၁.၉၂ cm) အထိ ကျော်လွန်၍ (၂၁ ပေ) (၆၄၀.၀၈-cm) သို့ ရောက်ရှိနေကြောင်း သိရှိရပါသည်။
အုတ်တွင်းမြို့နယ်၌ ဘေးအန္တရာယ်သိရှိသတိပြုခြင်းနှင့်ဘေးကင်းစွာပြုမူနေထိုင်ခြင်းအကြောင်းနှင့်စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်းအကြောင်းအသိပညာပေးဆောင်ရွက်
Jul 27,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှကြီးမှူး၍ ကျောင်းသား/ ကျောင်းသူများအား ဘေးအန္တရာယ်သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်းအကြောင်းနှင့် စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်းအကြောင်း အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကြက်သွန်ခင်း-၂ ကျောင်းနှင့် မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ပဲခူးလမ်းကျောင်းများ၌ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 27,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း သဇင်ခန်းမတွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲ  ယာဥ်ထိန်းတပ်ဖွဲ့စု (၃၅)မှ ဆောင်ရွက်ခဲ့သည်။
မဟာအောင်မြေမြို့နယ်၌ စာဖတ်ရှိန်​မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jul 27,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ မြို့နယ်ပြန်​ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ​မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်​မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ကျိုက်လတ်မြို့နယ်တွင် အားကစားနှင့်ကာယပညာဉီးစီးဌာနမှ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများသင်ကြားပေးခြင်းနှင့် လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အားကစားနှင့်ကာယပညာဉီးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၆)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
လှည်းကူးမြို့နယ်တွင် သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုပေး
Jul 27,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ လှည်းကူးမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများအား  ယမန်နေ့နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီထိ လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံကြီး၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသောင်းဒန်ဦးနှင့်ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့် ဝန်ထမ်းများကလည်း တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။