သတင်းများ

ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းကြောင့်  နေအိမ်နှင့် ဓာတ်တိုင်များ ပြိုလဲပျက်စီး
Jul 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ သံဒိဇီးဖြူကုန်းကျေးရွာအုပ်စုရှိ၊ အကယ်ချောင်းဝကျေးရွာတွင် ယနေ့နံနက်(၇)နာရီကျော်ခန့်က မိုးသည်းလေထန်ခြင်းကြောင့် ဦးခင်မောင်လွင် ပိုင်ဆိုင်သော အလျား(၂၀)ပေ၊ အနံ(၁၂)ပေရှိ သွပ်မိုး၊ ပျဥ်ကာ၊ ပျဉ်ခင်းနေအိမ်ပြိုကျပျက်စီးခြင်း၊ ဒေါ်ညိုညိုစန်း ပိုင်ဆိုင်သော အလျား (၂၄) ပေ၊ အနံ (၁၂) ပေရှိ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း၊ အမိုးလန် ပျက်စီးခြင်းနှင့်  ဒေါ်တင်မိုး ပိုင်ဆိုင်သော  အလျား(၁၅)ပေ၊ အနံ(၁၅)ပေရှိ ဓနိမိုး၊ ဝါးထရံကပ်၊ ဝါးခင်းနေအိမ်သည် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့သည်။
ငါးသိုင်းချောင်းမြို့ ငဝန်တာတွင် ကြွက်တွင်း၊ ခြတွင်းများကြောင့်  တာရေယိုစိမ့်မှုဖြစ်ပွား
Jul 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ယနေ့နံနက်(၆)အချိန်က ငဝန်တာမိုင် ၄၆/၅ဖာလုံ၊ ၄၆/၅+၂၅၀ဖာလုံနှင့် ၄၆/၅+၃၀၀ဖာလုံတို့တွင် ကြွက်တွင်း၊ ခြတွင်းများကြောင့် မြေနူးကာ ရေပေါက်ဖြစ်၍ တာရေယိုစိမ့်မှုဖြစ်ပွားခဲ့သည်။
ကြံခင်းမြို့ ယာယီရေဘေးရှောင်စခန်း၌ မွေးဖွားသောကလေးနှစ်ဦးအား တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကလေးအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်
Jul 26,2024
ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွှေတော်စုရပ်ကွက်၊  မြို့မအားကစားကွင်း မိုးလုံလေလုံခန်းမ ယာယီရေဘေးရှောင်စခန်း၌ မွေးဖွားသော ကလေးနှစ်ဦးအား ယမန်နေ့နေ့လယ်ပိုင်းက တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကလေးသုံးအဆောင်ပစ္စည်းများ ထပ်ဆင့်ထောက်ပံ့ပေးအပ်ကြသည်။
ပေါင်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်မြို့ပေါ် ရပ်ကွက်များနှင့် မော်လမြိုင်-ရန်ကုန် ကားလမ်းရေကျော်
Jul 26,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ပေါင်မြို့ပေါ်ရပ်ကွက်များနှင့် မော်လမြိုင်-ရန်ကုန်ကားလမ်း၌ ယနေ့နံနက်ပိုင်းမှစတင်၍ ကားလမ်းရေကျော်ပြီး မြို့ပေါ်ရပ်ကွက်များ၏ လူနေအိမ်များသို့ ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီ (ဒီရေတော) သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jul 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနက ကြီးမှူး၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တော၊ သစ်ပင်တန်ဖိုးများကို အများပြည်သူများ အလေးထားသိရှိနိုင်စေရန်နှင့် ပင်လယ်ကမ်းရိုးတန်းဒေသနေပြည်သူများ ရာသီဥတုပြောင်းလဲမှုနှင့်အညီ လိုက်လျောညီထွေ ရပ်တည်နိုင်ရေးရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်၊ မိုးရာသီ (ဒီရေတော) သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၉) နာရီခွဲက ဒေးဒရဲမြို့နယ်၊ သုံးဒါတ်တံတားချောင်ကျေးရွာအုပ်စု၊ ကွင်းပုန်းကျေးရွာ၊ ရတနာသောင်တန်းအနီးရှိ ပင်လယ်ကမ်းခြေတလျောက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလေးဝမြို့တွင် တောင်သူများအား မျိုးစေ့ချကိရိယာများပေးအပ်ခြင်းနှင့် နည်းပညာပေးသင်တန်းဖွင့်
Jul 26,2024
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တောင်သူများအား ထောက်ပံ့သော မျိုးစေ့ချကိရိယာ (Drum Seeder) များပေးအပ်ခြင်းနှင့် နည်းပညာပေးသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။
မင်းကင်းမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေး
Jul 26,2024
 စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်အဆင့်-၃၊ နိုင်ငံသားစိစစ်ကတ်ပြား ပြုလုပ်ပေးခြင်းကို မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ စကားဝါခန်းမ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာငှားလုပ်ငန်းများ ဆောင်ရွက်ပေး
Jul 26,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ စာပေဗဟုသုတများရရှိစေရန်၊ စာအုပ်စာပေများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံးမှ နယ်လှည့်စာငှားလုပ်ငန်းများကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင်းအတွင်းရှိ ပျဉ်းမနားခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ သွားရောက်၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့သည်။