အုတ်တွင်းမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ​တော် ကျင်းပ

အုတ်တွင်း ဇူလိုင် ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ ဂေဟစနစ်ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းနိုင်စေရေးအတွက် ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပခြင်းကို ယနေ့နံနက်ပိုင်းက ပေါက်တောကျေးရွာအုပ်စု၊ ရေသိုးဆည်အနီး ပန်းတင်တောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ အုတ်တွင်းတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ်ဇော်မြင့်ဦး၊ အမှတ် (၈၀၈) အမြောက်စစ်ဆင်​​ရေး ကွပ်ကဲမှုဌာနချုပ်မှ တပ်မမှူး ဗိုလ်မှူးကြီးမင်းသူလှိုင်၊ အမှတ် (၃၀၃၁) လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သူရိန်သန်းမြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမာလာ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်ဒေါ် စန္ဒာဌေးတို့က ပျိုးပင်များပေးအပ် ပြီးမြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးက ပျိုးပင်များ လက်ခံရယူကြသည်။

ဆက်လက်၍ ကျွန်း၊ ပျဥ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ မယ်ဇလီ၊ ယမနေ၊ စိန်ပန်းကြီး၊ ကုက္ကိုလ်၊ မန်ဂျန်ရှား၊ မကျီးပင် စုစုပေါင်းပျိုးပင် (၅၀၀) ပင်ကို အုတ်တွင်းတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ်ဇော်မြင့်ဦးနှင့် တပ်ရင်း/တပ်ဖွဲ့မှူးများ၊ စစ်သည်/ရဲမေ များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက စုပေါင်းစိုက်ပျိုးခဲ့ကြပြီး အင်အား (၂၅၀) ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)