တနင်္သာရီမြစ်ရေကြီးနေမှုကြောင့် ပြည်ထောင်စုလမ်းမကြီးပေါ် လယ်တောင်ယာကျေးရွာအနီး လမ်းရေကျော်သွားလာမှုပြတ်တောက်နေ
Jul 29,2024
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(ပထမ)ပတ်မှစ၍ မိုးများသည်းထန်စွာ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် တနင်္သာရီမြစ်ရေသည် တဖြည်းဖြည်းမြင့်တက်လာပြီး ယမန်နေ့ မွန်းတည့် ၁၂ နာရီချိန်က မြို့အဝင် ဆိပ်ခံတံတား ရေမှတ်တိုင်တွင် တိုင်းထွာချက်အရ တနင်္သာရီမြစ်ရေသည် တနင်္သာရီမြို့၏ အန္တရာယ်ရေအမှတ်ဖြစ်သည့် (၂၄-ပေ)/ (၇၃၁.၅၂ cm) ထက် (၁ပေ-၁၀လက်မ)ကျော်လွန်၍ (၂၅ပေ-၁၀ လက်မ) (၇၇၇.၂၄-cm)အထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။