သတင်းများ

မင်းဘူးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကျင်းပ
Aug 07,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယမန့်နေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်သည်။
ရှေ့တန်းရောက်တပ်မတော်သာများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပုလောမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများနှင့်ပြည်သူများက စားသောက်ဖွယ်ရာများလှူဒါန်း
Aug 07,2024
ပုလောမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပြည်သူများက နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ စွမ်းစွမ်းတမံဆောင်ရွက်နေသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းနိုင်ရန် ဩဂုတ်လ ၅ ရက်နေ့ ညနေပိုင်းက စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဉာဏပြိုင်ပွဲများကျင်းပ
Aug 07,2024
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှ အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၏ ကဏ္ဍတစ်ရပ်ဖြစ်သည့် ဉာဏဆိုင်ရာပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း(ပျဉ်းမနား)၌ ကျင်းပသည်။
ပျဉ်းမနားမြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကာယစွမ်းရည်ပြိုင်ပွဲများကျင်းပ
Aug 07,2024
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှ အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ဖွံ့ဖြိုးတိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၏ ကဏ္ဍတစ်ရပ်ဖြစ်သည့် ကာယဆိုင်ရာ ပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း (ပျဉ်းမနား)၌ ကျင်းပသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၏ ရေပြင်အသက်ကယ်ရှာဖွေကယ်ဆယ်ရေးနှင့် စက်လှေမောင်းသင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်
Aug 07,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် အဆိုပါ ကျောင်းခန်းမ၌ ကျင်းပရာ နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး ဒေါ်သီတာဇင်၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ရပ်မိ/ရပ်ဖများ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊  ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် တက္ကသိုလ်၊ အခြေခံပညာအဆင့်ပြိုင်ပွဲများကျင်းပခြင်းနှင့် ပြည်နယ်/တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲဝင်ရောက်မည့် ရှမ်းပြည်နယ်ကိုယ်စားပြု အမျိုးသား၊ အမျိုးသမီးအသင်းအား အောင်နိုင်ရေးအလံပေးအပ်
Aug 07,2024
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့သည် လူငယ်များ၏ အခန်းကဏ္ဍအရေးပါးမှုကို ဖော်ထုတ်ပေးရန်နှင့် လူငယ်များ စိတ်အားထက်သန်မှု၊ ကြိုးစားအားထုတ်မှုတို့ကို မှန်ကန်တည့်မတ်အားပေးရန်ရည်ရွယ်၍ ယမန်နေ့ နံနက် (၈) နာရီက ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် တက္ကသိုလ်အဆင့်အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ၊ အခြေခံပညာအဆင့် ဘင်ခရာပြိုင်ပွဲနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်ကိုယ်စားပြု အမျိုးသား၊ အမျိုးသမီး ဖူဆယ်အသင်းတို့အား အောင်နိုင်ရေးအလံ ပေးအပ်ပွဲကို တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများကို ဒုတိယအကြိမ် လှူဒါန်း
Aug 07,2024
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများကို ဒုတိယအကြိမ် ပေးပို့လှူဒါန်းလျက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း ရေဘေးကူညီကယ်ဆယ်ပေးသော လူမှုရေးအသင်းအဖွဲ့များအား ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်
Aug 07,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားရာတွင် ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ ကူညီကယ်ဆယ်ပေးခဲ့ကြသော လူမှုရေးအသင်း အဖွဲ့များအား ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁၂) နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။