မိုးညိုမြို့နယ်၌ ကျောင်းကျန်းမာရေးဆိုင်ရာ ဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်း ဆောင်ရွက်
Aug 06,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်ရှိ အ.လ.က(ခွဲ)တောင်ပိုင်းကျောင်း၌ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုး ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်း ဆောင်ရွက်ခဲ့သည်။