ပုလော ဩဂုတ် ၇
ပုလောမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပြည်သူများက နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ စွမ်းစွမ်းတမံဆောင်ရွက်နေသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းနိုင်ရန် ဩဂုတ်လ ၅ ရက်နေ့ ညနေပိုင်းက စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်လုံခြုံရေး၊ နယ်မြေကာကွယ်ရေးအတွက် ရှေ့တန်းတွင် အသက်စွန့်တိုက်ပွဲဝင်နေကြသည့် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် လှူဒါန်းကြသည့် စားသောက်ဖွယ်များ၊ ငါးခြောက်ကြော်၊ ငပိကြော်များကြော်လှော် ပြင်ဆင်ထုတ်ပိုးနေမှုများကို အမှတ်(၁) စစ်အုပ်ချုပ်ရေးနယ်မြေ၊ စစ်နယ်မြေမှူး ဗိုလ်မှုးကြီးဟန်ဝင်းအောင်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပုလော(ပြန်/ဆက်)