သတင်းများ

မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Aug 07,2024
မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မိတ္ထီလာစီးပွားရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့ ရေဘေးရှောင်စခန်းများ၌ အသိပညာပေးဟောပြောပွဲကျင်းပ
Aug 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်(၁)ရပ်ကွက်၊ ဆုတောင်းပြည့်ကျောင်းရှိ ရေဘေးရှောင်စခန်း၌ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့တွင် ကျောင်းသားကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးနှင့်စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Aug 07,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ် သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ပုဂံ) သို့သွားရောက်၍ ကျောင်းသားကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် စာသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့၌ ဆန်ဈေးနှုန်း မြှင့်တင်ဖြန့်ဖြူးရောင်းချခြင်းနှင့် ဈေးကစားရန် သိုလှောင်ထားခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး
Aug 07,2024
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့၌ ဆန်ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးရောင်းချခြင်းနှင့် ဈေးကစားရန် သိုလှောင်ထားခြင်း မရှိစေရေးအတွက် မြို့မစည်ပင်သာယာဈေးအတွင်း/အပြင်နှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော ဆန်ဆိုင်များအား ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများကို မေတ္တာဖြင့်ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်
Aug 07,2024
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ စေတနာရှင် အလှူရှင်ပြည်သူများနှင့်ဝန်ကြီးဌာနအလိုက် ဌာနဆိုင်ရာများက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့တွင် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကော့သောင်းခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများမှ စားသောက်ဖွယ်ရာများ မေတ္တာဖြင့် ပေးအပ်ခြင်း အခမ်းအနားပြုလုပ်
Aug 07,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကော့သောင်းခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများမှ စားသောက်ဖွယ်ရာများ မေတ္တာဖြင့်ပေးအပ်ခြင်း အခမ်း အနားကို ယနေ့နံနက်(၁၁)နာရီတွင် ကော့သောင်းမြို့၊မဉ္ဇူသကခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဦးခင်‌မောင်ချို၊ စစ်ဗျူဟာအဖွဲ့(အခြေချ) ကော့သောင်းမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး တင်မောင်ကျော်၊ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။
ရပ်စောက်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စက်ချုပ်သင်တန်းဖွင့်လှစ်
Aug 07,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းပါ အမျိုးသမီးများအတွက် ဝင်ငွေတိုးရေး အမျိုးသမီးစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငကြောင်ကျေးရွာအုပ်စု၊ ရတနာပုံကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။
မြန်အောင်ခရိုင်အတွင်း ရေဝင်သည့်ကျေးရွာများသို့ တိရစ္ဆာန်အစာနုအိတ်များနှင့်ကုသဆေးဝါးများ ထောက်ပံ့ပေးအပ်
Aug 07,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရုံးချုပ်(နေပြည်တော်)နှင့် တိုင်းဒေသကြီးဦးစီးမှူးရုံး(ပုသိမ်)မှ မြန်အောင်ခရိုင်အတွင်းရေဝင်သည့် ကျေးရွာများသို့ တိရစ္ဆာန်အစာနုအိတ်များနှင့် ကုသဆေးဝါးများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်က မြန်အောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။