သတင်းများ

မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ မူးယစ်ဆေးဖြတ်ပြီးသူဦးရေ တစ်ရာကျော်အား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်
Aug 06,2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးတွင် မူးယစ်ဆေးဖြတ်ပြီးနောက် ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံးတွင် ၂၀၂၄-ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ ယနေ့အထိ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုခံယူပြီးသည့် မူးယစ်ဆေးဖြတ်သင်တန်းသားဦးရေ တစ်ရာကျော်ရှိပြီးဖြစ်ကြောင်း ယနေ့နံနက်ပိုင်းအချိန်က အဆိုပါမူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ သတ္တမအကြိမ်မြောက်ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဖြတ်သင်တန်းဆင်းသင်တန်းသားများ၏ မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားမှ သိရသည်။
အပြစ်မဲ့အရပ်သားပြည်သူ (၁ဝဝ) ကျော်အား ရက်စက်စွာသတ်ဖြတ်ခဲ့သည့် MNDAA အကြမ်းဖက်သောင်းကျန်းသူများ၏ လူမဆန်သော ရက်စက်ယုတ်မာမှုများအား ကန့်ကွက်ရှုတ်ချပွဲကျင်းပ
Aug 06,2024
ကျောက်တံတားမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ မြို့တော်ခန်းမရှေ့(ကားပါကင်)နေရာတွင် ယနေ့နံနက် ၈ နာရီ မိနစ် ၂၀ အချိန်က ငြိမ်းချမ်းစွာ စုဝေးဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့သည်။
လမ်းမတော်မြို့နယ် အ.ထ.က (၁)ကျောင်းတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးယာဉ် အန္တရာယ်ကင်းရှင်းရေးနှင့် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Aug 06,2024
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် လမ်းမတော်လမ်းမတော်မြို့နယ် အ.ထ.က (၁) ကျောင်းတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်းရှိ စွမ်းအားခန်းမတွင် ကျင်းပပြုလုပ်သည်
သထုံမြို့နယ်၌ ကျေးလက်နေအမျိုးသမီးများ ဝင်ငွေတိုးပွားစေရေး သက်မွေးဝမ်းကျောင်းအ‌ထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်း ဖွင့်လှစ်
Aug 06,2024
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဥ်တစ်ခုအဖြစ် အခမဲ့ဖွင့်လှစ်သည့် ကျေးလက်နေအမျိုးသမီးများ ဝင်ငွေတိုးပွားစေရေး သက်မွေးအ‌ထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်က မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
ငဖဲမြို့နယ်၌ ဆီထွက်သီးနှံ မိုးနေကြာစိုက်ဧက (၄၄၇) ဧကစိုက်ပျိုးအောင်မြင်ဖြစ်ထွန်း
Aug 06,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စိုက်ပျိုးရေးညှိနှိုင်းကြီးကြပ်မှုကော်မတီ၏ ဦးဆောင် ကြီးကြပ်မှုဖြင့် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကျေးရွာအုပ်စုများတွင် ဆီထွက်သီးနှံ မိုးနေကြာ စိုက်ဧက (၄၄၇) ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ရာ နေကြာသီးနှံများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မိုင်းပျဉ်းမြို့၌ ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နှိုးဆော်ဆောင်ရွက်
Aug 06,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက မိုင်းပျဉ်းမြို့ပေါ်ရပ်ကွက်(၃)ခုတို့တွင် လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လင်းခေးခရိုင်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ
Aug 06,2024
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်ကျောင်းသားလူငယ်များ စာပေဖတ်ရှုခြင်းဖြင့် အသိအမြင်အတွေးအခေါ်များနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေပြီး ငယ်စဉ်ကတည်းက စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိကာ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ပံ့ပိုးမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်အတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီက လင်းခေးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လင်းခေးမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Aug 06,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်အတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၄ နာရီက လင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ကျင်းပခဲ့သည်။