ပျဉ်းမနား ဩဂုတ် ၇
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှ အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ဖွံ့ဖြိုးတိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၏ ကဏ္ဍတစ်ရပ်ဖြစ်သည့် ကာယဆိုင်ရာ ပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း (ပျဉ်းမနား)၌ ကျင်းပသည်။
ကာယဆိုင်ရာပြိုင်ပွဲများအနေဖြင့် ခွက်နင်းလမ်းလျှောက်၊ စကောရွက်၊ သံပုရာသီးဇွန်းကိုက်၊ အာလူးကောက်၊ ဂုန်နီအိတ်စွပ်လမ်းလျှောက်၊ သံဘူးပေါက်၊ ခါးကွင်းလှည့်၊ စကားပုံဆက်၊ အရုပ်ဆက်နှင့် Spin လှည့်ပြိုင်ပွဲများကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ကာယဆိုင်ရာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်၊ ဘောပင်နှင့် ပေတံများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)