သတင်းများ

စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေ ကြီးမြင့်မှုကြောင့် ယာယီပိတ်ထားသော ကျောင်း (၃၄) ကျောင်း အားလုံး ပြန်လည်ဖွင့်လှစ်
Aug 08,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်း(၃၄)ကျောင်းအား ယာယီပိတ်ထားခဲ့ရာမှ အခြေခံပညာကျောင်းအားလုံး​ ယမန်နေ့ နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့၍ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ဆက်လက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ထားဝယ်မြို့တွင် အဏ္ဏဝါမြစ်အတွင်း ပလတ်စတစ်ကင်းစင်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Aug 08,2024
တနင်္သာရီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက အဏ္ဏဝါမြစ်အတွင်းပလတ်စတစ်ကင်းစင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ ကမ်းနီးကမ်းဝေးငါးဖမ်းရေယာဉ်များ၌ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် တိုက်ကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ လိုက်လံစစ်ဆေး
Aug 08,2024
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် သြဂုတ်လ ၅ ရက် နံနက်ပိုင်းက တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ကြံခင်းမြို့၌ အခြေခံပညာမူလတန်းကျောင်း(ကိုင်းသာ)တွင် စာဖတ်ရှိန်မြင့်တင်ရေး နယ်လှည့်ကွင်း ဆင်းဆောင်ရွက်
Aug 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်း (ကိုင်းသာ) တွင် စာဖတ်ရှိန်မြင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက် ခဲ့သည်။
ချမ်းမြသာစည်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 08,2024
မန္တ​လေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ပုညနန္ဒာဓမ္မာရုံ၌ ယမန်နေ့က ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ချမ်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့သည်။ ​
ထားဝယ်တက္ကသိုလ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲကို ကျင်းပ
Aug 08,2024
နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို ရရှိစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ လူဦး ရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် စုပေါင်းခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းယောင်းမြို့နယ်၌ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Aug 08,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က တာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Aug 08,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကြံခင်းမြို့ နယ်အတွင်းရှိကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည် ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧရာဦးခန်းမ၌ ကျင်းပသည်။