ထားဝယ်မြို့တွင် အဏ္ဏဝါမြစ်အတွင်း ပလတ်စတစ်ကင်းစင်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ထားဝယ်  သြဂုတ်  ၈

တနင်္သာရီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက အဏ္ဏဝါမြစ်အတွင်းပလတ်စတစ်ကင်းစင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ ကမ်းနီးကမ်းဝေးငါးဖမ်းရေယာဉ်များ၌ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိဦးမင်းမင်းဌေးနှင့်ဝန်ထမ်းများက နိုင်ငံအဆင့် ပင်လယ်ကမ်းရိုး တန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ၏ ပဉ္စမအကြိမ်အစည်းအဝေးဆုံးဖြတ်ချက်အရ အဏ္ဏဝါမြစ်အတွင်း ပလတ်စတစ်ကင်းစင်ရေးအတွက် ရေယာဉ်များပေါ်တွင် ရေယာဉ်တာဝန်ခံများနှင့်ရေလုပ်သားများအား အသိပညာပေးဟောပြောပြီး ရေယာဉ်များ၌ အသိပညာပေး ပိုစတာများကပ်ကာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)