ကြံခင်း ဩဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်း (ကိုင်းသာ) တွင် စာဖတ်ရှိန်မြင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက် ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေသဥ္ဇာနှင်းက စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား၊ ကျောင်းသူများ ဖြစ်ပေါ်လာစေရေး၊ စာပေဖတ်ရှုသည့် အလေ့အကျင်းကောင်းများ ရရှိလာစေရေး၊ မူလတန်းအရွယ်မှစ၍ ပုံပြင်ဖတ်ခြင်းမှ သုတ၊ ရသစာအုပ်ကောင်းများကို လေ့လာဖတ်ရှုသည့် အကျင့်ကောင်းများရရှိနိုင်စေရန် ရေးစသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ ယခုလိုကျေးရွာများရှိ အခြေခံပညာ ကျောင်းများသို့ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဟောပြောသည်။
ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်မေသဥ္ဇာနှင်း ၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်မိုးမိုးစန်းနှင့် ရုံးအကူ ဒေါ်ဆုရည်နန္ဒာတို့က ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်ဖတ်ပြခြင်း၊ ကဗျာများသီဆိုခြင်းနှင့် ရသစာအုပ်များ ငှားရမ်းပေးခြင်းတို့ကိုဆောင်ရွက်ပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ရသစာအုပ်များနှင့်မူးယစ်ဆေးဝါအသိပညာပေးနံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)