ချမ်းမြသာစည်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲ ကျင်းပ

ချမ်းမြသာစည် သြဂုတ် ၈

မန္တ​လေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ပုညနန္ဒာဓမ္မာရုံ၌ ယမန်နေ့က ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ချမ်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့သည်။ ​

ရှေးဦးစွာ အခမ်းအနားတွင် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန မြို့နယ်ဦးစီးမှူးက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းနှင့်ပတ်သက်၍ ပြည်သူများအား ​အသိ ပညာပေးဟောပြော ရှင်းလင်းခြင်းနှင့် တက်ရောက်လာသည့် အများပြည်သူများအားအသိ ပညာပေးလက်ကမ်းစာစောင်များ ဝေငှာခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)