Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
မန္တလာတက္ကသိုလ်၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းကျင်းပ
Aug 08,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ မန္တလာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က လာမည့်သြဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ်အဖြစ် လူငယ်စကားဝိုင်းကို ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးဧက ၁၀,၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်
Aug 08,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၏ ဆန်စပါးထုတ်လုပ်မှု တိုးတက်ရေးနှင့်ပြည်တွင်း စားနပ်ရိက္ခာဖူလုံစေရေးအတွက် ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး ၁၄၂၅၅၈ ဧက စိုက်ပျိုးထုတ်လုပ်နိုင်ရန် လျာထားစိုက်ပျိုးခဲ့ရာ ယခုအခါ ၁၀,၇၁၀ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်ရှိ စက်သုံးဆီဆိုင်များ ပုံမှန်ရောင်းချစေရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Aug 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချစေရေး၊ သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ စက်သုံးဆီများအား သိုလှောင်ထားမှုမရှိစေရေးအတွက် ယနေ့နံနက်(၉)နာရီ အချိန်တွင် တာဝန်ရှိသူများ ပူးပေါင်း၍ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Aug 08,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ ရတနာခန်းမတွင် ဩဂုတ်လ (၆) ရက်နံနက် ၁၀ နာရီအချိန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒုတိယအကြိမ် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်း
Aug 08,2024
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်နေသည့် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဩဂုတ်လ(၆)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးထံ စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသောပိုင်ကျုံမြို့ အမှတ်(၅)ရပ်ကွက်ရှိ ချမ်းမြသာစည်လမ်းအား ပြန်လည်ပြုပြင်
Aug 08,2024
ရေကြီးနစ်မြုပ်ပြီး ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့်ပိုင်ကျုံမြို့ အမှတ်(၅)ရပ်ကွက်ရှိ ချမ်းမြသာစည်လမ်းအား မြို့စည်ပင်သာရေးအဖွဲ့မှ ယမန်နေ့နံနက်ပိုင်းက ပြန်လည်ပြုပြင်လျက်ရှိ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Aug 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ရွှေဟင်္သာကျွန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက် လာသည့်နေရပ်ပြန်များအား နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်
Aug 08,2024
နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသား(၁၁၈)ဦး၊ အမျိုးသမီး(၁၀)ဦး၊ စုစုပေါင်း (၁၂၈) ဦးအား ယနေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့မှ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှလွှဲပြောင်းပေးအပ်ခဲ့ရာ ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးမှုများ အထူးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7567
Page
7568
Page
7569
Page
7570
Current page
7571
Page
7572
Page
7573
Page
7574
Page
7575
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department