သတင်းများ

အမရပူရမြို့နယ် ဒေါင်းရွေးကျေးရွာ၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ ဟောပြောပွဲပြုလုပ်
Aug 08,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ဒေါင်းရွေးကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့နံနက် ၉ နာရီခွဲချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ရုံးမှ သန်းခေါင်စာရင်းဆိုင်ရာဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ် အ.ထ.က(စဉ့်ကိုင်)၌ အမျိုးသမီးကိုယ်လုံပညာသင်တန်း ဖွင့်လှစ်သင်ကြား
Aug 08,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်အမျိုးသမီးရေရာအဖွဲ့၊ အခြေခံပညာဦးစီးဌာနနှင့် ဆာကူရာကလပ် (ကာရာတေး) အသင်းတို့ ပူးပေါင်း၍ အမျိုးသမီးများ ကိုယ်လုံပညာသင်တန်းကို အ.ထ.က(စဉ့်ကိုင်)ရှိ သဇင်ခန်းမဆောင်၌ ယ‌မန့်နေ့မွန်းလွဲ ၂နာရီက ကျင်းပခဲ့သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား၊ (၆)ခရိုင်နှင့် တက္ကသိုလ်များ၊ အသက်(၂၀)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဒိုက်ဦးမြို့နယ်မှ အကောင်းဆုံးအားကစားသမားဆု(၃) ဆု ရရှိ
Aug 08,2024
ပဲခူးမြို့ ဟံသာဝတီအားကစားကွင်း၌ ဇူလိုင်လ ၂၉ ရက်နေ့မှ သြဂုတ်လ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား၊ (၆)ခရိုင်နှင့် တက္ကသိုလ်များ၊ အသက်(၂၀)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဒိုက်ဦးမြို့နယ်မှ ညောင်လေးပင်ကိုယ်စားပြုအနေဖြင့် အားကစားသမား (၆) ဦးဝင်ရောက်ယှဥ်ပြိုင်ကြသည်။
တွံတေးမြို့တွင် ၂၀၂၄ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း) မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ
Aug 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၄ ခုနှစ် တွံတေးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း) မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ် ၆ ရက် ညနေ(၃)နာရီအချိန်က တွံတေးမြို့ မြို့မအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ထားဝယ်မြို့တွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် သုတ၊ ရသ စာအုပ်စာစောင်ငှားရမ်းပေး
Aug 08,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များတင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းနှင့် ဌာနဆိုင်ရာရုံးများသို့ သုတ၊ ရသစာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မြိတ်ခရိုင်အဆင့် အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Aug 08,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ခရိုင်အဆင့်)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် ပြုလုပ်ခဲ့ကြသည်။
ပိုင်ကျုံမြို့ အမှတ်(၁)ရပ်ကွက်နှင့် မိုးနိုင်းကျေးရွာ ဆက်သွယ်သည့်တံတားအား ပြန်လည်ဖြတ်သန်းသွားလာနိုင်
Aug 08,2024
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှစ၍ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျ‌ချောင်းရေစီးဆင်းမှုကြောင့် အမှတ်(၁)ရပ်ကွက်နှင့် မိုးနိုင်းကျေးရွာအုပ်စု ဆက်သွယ်ထားသည့် ဒါးကျိုင်းချောင်းတံတားပေါ်သို့ ရေလွမ်းမိုးမှုကြောင့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း သိရသည်။
ကြံခင်းမြို့နယ်ရုံး၌ စာဖတ်ရှိန်မြှင့်တင်ရေး လူထုအခြေပြုဗဟိုဌာနတွင် မူလတန်းအဆင့် ဥာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပပြုလုပ်
Aug 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌ အနာဂတ်၏ မျိုးဆက်သစ်လူငယ်များ ဗဟုသုတတိုးပွားလာစေရေး၊ ဥာဏ်ရည်ဥာဏ်သွေးထက်မြတ်လာစေရန်နှင့် လူအများရှေ့တွင် ပြောဆိုတတ်သည့် အလေ့အထကာင်းများရရှိစေရန် စသည့်ရည်ရွယ်ပြီး ယမန်နေ့ နံနက်ပိုင်းက မူလတန်းအဆင့် ဥာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။