ပိုင်ကျုံ သြဂုတ် ၈
ရေကြီးနစ်မြုပ်ပြီး ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့်ပိုင်ကျုံမြို့ အမှတ်(၅)ရပ်ကွက်ရှိ ချမ်းမြသာစည်လမ်းအား မြို့စည်ပင်သာရေးအဖွဲ့မှ ယမန်နေ့နံနက်ပိုင်းက ပြန်လည်ပြုပြင်လျက်ရှိ ကြောင်း သိရသည်။
အဆိုပါလမ်းသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိပြီး ဇူလိုင်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးနစ်မြုပ်ပြီး ရေတိုက်စားမှုကြောင့် လမ်းတစ်ခြမ်းပျက်စီးခဲ့ ကြောင်း ယင်းလမ်းအား ဒေသနေပြည်သူများနှင့် ခရီးသွားပြည်သူများအန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် မြို့စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ယူပြန်လည်ပြုပြင်ခဲ့သည်။
ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဒေသနေပြည်သူများတို့၏ လူနေမှုဘဝမြင့်မားစေရေးနှင့် သွားလာမှုလွယ်ကူစေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)