မန္တလာတက္ကသိုလ်၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းကျင်းပ

အမရပူရ သြဂုတ် ၈

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ မန္တလာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က လာမည့်သြဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ်အဖြစ် လူငယ်စကားဝိုင်းကို ကျင်းပခဲ့သည်။

 ဦးစွာ မန္တလာတက္ကသိုလ်အနုပညာအသင်းမှ ကျောင်းသားကျောင်းသူများက ရောင်စုံပန်းဖြာမန်းမန္တလာသီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး မန္တလာတက္ကသိုလ် ပါမောက္ခချုက်ဒေါက်တာ ခင်စန်းစန်းဝင်းက အဖွင့်အမှာစကားအဖြစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ဖြစ်ပေါ်လာပုံ အကြောင်းကို ရှင်းလင်းပြောကြားပေးခဲ့သည်။

ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူးဒေါ်ဝေဝေဖြိုးက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ စတုထ္တနှစ်မြန်မာစာအထူးပြုကျောင်းသူ မဟေမာန်နှင်းပွင့်ဖြူကလူငယ်နှင့် ပညာ​ရေးစာပေယဥ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ တတိယနှစ် ဓာတုဗေဒအထူးပြုကျောင်းသား မောင်တေဇာလင်းက လူငယ်နှင့်ကျန်းမာရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ တတိယနှစ် ရုက္ခဗေဒအထူးပြုကျောင်းသူ မသီရိခေတ်က လူငယ်နှင့်မူးယစ် ဆေးဝါးခေါင်းစဥ်ဖြင့်လည်းကောင်း၊ စတုတ္ထနှစ် ဓာတုဗေဒအထူးပြုကျောင်းသား မောင်ဘိုဘိုထက်က လူငယ်နှင့်ပြည်သူ့နီတိ ခေါင်းစဥ်များဖြင့် ဆွေးနွေးခဲရာ ဦးဆောင်ဆွေးနွေး သူညွှန့်ကြားရေးမှူးဒေါ်ဝေဝေဖြိုးက ဆွေးနွေးခဲ့မှုများအပေါ် ဖြည့်စွပ်ဆွေးနွေးခဲ့သည်။

ယင်းနောက် တက်ရောက်လာသူများက ယနေ့ဆွေးနွေးသွားသည့်ခေါင်းစဥ်များအပေါ် သိလိုသည်များကိုမေးမြန်းကြရာ ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြသည်။

ထို့နောက် မန္တလာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်စန်းစန်းဝင်းက ယနေ့လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများကို အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)