ဘိုကလေးမြို့နယ်ရှိ စက်သုံးဆီဆိုင်များ ပုံမှန်ရောင်းချစေရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဘိုကလေး ဩဂုတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချစေရေး၊ သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ စက်သုံးဆီများအား သိုလှောင်ထားမှုမရှိစေရေးအတွက် ယနေ့နံနက်(၉)နာရီ အချိန်တွင် တာဝန်ရှိသူများ ပူးပေါင်း၍ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ သတ်မှတ်ထားသည့် ရောင်းချမှုပုံစံ၊ ဈေးနှုန်းများဖြင့် ရောင်းချမှုရှိ/မရှိ စစ်ဆေးခြင်းဖြစ်ပြီး သတ်မှတ်ထားသည်များအား လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူဆောင်ရွက်သွားမည်ကို စက်သုံးဆီဆိုင် ပိုင်ရှင်များ၊ ဝန်ထမ်းများအား အသိပေးပြောကြားခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)