သတင်းများ

သံတောင်ကြီးမြို့နယ်တွင် သံပုရာသီးများလှိုင်လှိုင်ထွက်ရှိ
Aug 09,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ နှစ်ရှည်သီးနှံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ  သံပုရာသီးစိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုမိုးတွင်းအချိန်တွင် သံပုရာသီးများ လှိုင်လှိုင်ထွက်ရှိပြီး ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဝင်ရောက်ယှဉ်ပြိုင်ရန် ညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 09,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ၂၀၂၄-ခုနှစ်၊ (၂၅)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဝင်ရောက်ယှဉ်ပြိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
မိုးညိုမြို့နယ်၌ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ ရေဘေးသင့်ပြည်သူများအား ဆန်နှင့်အာဟာရမုန့်ထောက်ပံ့လှူဒါန်း
Aug 09,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ထိန်တောအုပ်စု၊ ထိန်တောကျေးရွာရှိ သိဒ္ဓိကာရုံဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme)မှ ရေဘေးသင့်ပြည်သူများအား ဆန်နှင့်အာဟာရမုန့်များကို ဩဂုတ်လ ၇ ရက်နေ့  ၂ နာရီက ထောက်ပံ့‌လှူဒါန်းခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားသို့ တက်ရောက်မည့် မွန်ပြည်နယ်ကိုယ်စားပြု ထူးချွန်လူငယ်များအား  ဩဝါဒအမှာစကားပြောကြားခြင်း အခမ်းအနား တက်ရောက်
Aug 09,2024
၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားသို့ တက်ရောက်မည့် မွန်ပြည်နယ်ကိုယ်စားပြု ထူးချွန်လူငယ်များအား  ဩဝါဒအမှာစကားပြောကြားခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ပြပွဲများကျင်းပ
Aug 09,2024
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး အခြေခံ ပညာမူလတန်းကျောင်း ဈေးချိုကျေးရွာတွင် ကျောင်းသား/သူများ ကျောင်းစာအပြင် အခြားထွေထွေဗဟုသုတနှင့် စာဖတ်သည့် အလေ့ အထများ  ရရှိစေရန်ရည်ရွယ်ပြီး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲတို့ကို ယနေ့နံနက်(၁၀)နာရီ က အဆိုပါကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
လဲချားမြို့နယ်တွင် ဥပဒေ(အခြေခံ) ရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Aug 09,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ဥပဒေ(အခြေခံ)ရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က သီရိဟံသာခန်းမတွင်  ကျင်းပခဲ့ပါသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လူငယ်များဗလငါးတန်ပြည့်စုံစေရန် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ အခမ်းအနားကျင်းပ
Aug 09,2024
လူငယ်များ ဗလငါးတန်ပြည့်စုံပြီး ဗဟုသုတများတိုးပွားစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်ပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်‌စာစောင်ပြပွဲအခမ်းအနားကို ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၈)အခြေခံပညာအလယ်တန်းကျောင်း(အ.ထ.က-ခွဲ)၌ ဩဂုတ်လ ၇ ရက်နေ့ နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ရေကြီးနစ်မြုပ်လယ်မြေများတွင် တစ်ကွက်ပေါ် တစ်ကွက်စိုက်စနစ်ဖြင့် ပြန်လည်စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 09,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ယနေ့၊ နံနက်ပိုင်းက ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများနှင့် ရေကြီးနစ်မြုပ်လယ်မြေများတွင် တစ်ကွက်ပေါ် တစ်ကွက်စိုက်စနစ်ဖြင့် ပြန်လည်စိုက်ပျိုးနိုင်ရေးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။