သတင်းများ

ရန်ကင်းမြို့နယ်၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်
Aug 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် (၅) ရပ်ကွက်အတွင်းရှိ စိုက်ခြံများနှင့် (ကျူး)နေထိုင်သူမိသားစုများနေအိမ်များသို့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ အသိပညာပေးဟောပြောခြင်းများကို သြဂုတ်လ ၇ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ဗိုလ်တထောင်ခရိုင်၌ ခရိုင်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၈/၂၀၂၄) ကျင်းပ
Aug 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ခရိုင်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၈/၂၀၂၄) ကို ဩဂုတ်လ ၆ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
လှည်းကူးမြို့နယ်တွင် သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုပေး
Aug 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ လှည်းကူးမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများအား ဩဂုတ်လ ၇ နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီထိ လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသောင်းဒန်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့်ဝန်ထမ်းများက တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အခြေခံစာကြည့်တိုက်ပညာဆင့်ပွားသင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲနှင့် စာအုပ်လှူဒါန်းပွဲ မြောင်းမြမြို့၌ကျင်းပ
Aug 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံစာကြည့်တိုက်ပညာဆင့်ပွါးသင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲနှင့် စာအုပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီကမြောင်းမြခရိုင် (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းလှမြို့၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးဖြင့်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအားဆုချီးမြှင့်
Aug 09,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးဖြင့်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ၌ ကျင်းပသည်။
သာပေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(လှေကြီးတတ်)၌”လူငယ်စကားဝိုင်း”ကျင်းပ
Aug 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ လှေကြီးတတ် ကျေးရွာအုပ်စု၊လှေကြီးတတ် ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (လှေကြီးတတ်) ၊ အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၇ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ “လူငယ်စကားဝိုင်း” ကျင်းပခဲ့သည်။
ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန၌ ရုပ်ပုံပြပုံပြောခြင်း အစီအစဥ်ဆောင်ရွက်
Aug 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် ကျောင်းသားကျောင်းသူလေးများ ဥာဏ်ရည်ဥာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ရုပ်ပုံပြပုံပြောခြင်းအစီအစဥ်ကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ချောင်းသာမြို့တွင် အဟာရဖွံ့ဖြိုးမှုရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် အင်အားဖြည့် ဗီတာမင် အေဆေးလုံးနှင့် သန်ချဆေးတိုက်ကျွေးမှုပြုလုပ်
Aug 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် အသက် ၆ လမှ ၅ နှစ်အတွင်း ကလေးငယ်များအား အဟာရဖွံ့ဖြိုးမှုရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် အင်အားဖြည့်ဗီတာမင်အေဆေးလုံးနှင့် သန်ချဆေးတိုက်ကျွေးမှုအား ယနေ့နံနက်ပိုင်းက ချောင်းသာမြို့ကျေးလက် ကျန်းမာရေးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။