လဲချား သြဂုတ် ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ဥပဒေ(အခြေခံ)ရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က သီရိဟံသာခန်းမတွင် ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးအောင်မြတ်သူက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် မြို့နယ်ဥပဒေအရာရှိနှင့် မြို့နယ်တရားသူကြီးတို့က ဥပဒေ၊ နည်းဥပဒေဆိုင်ရာ အခြေခံအချက်သင်ခန်းစာများကို ၉-၈-၂၀၂၄ ရက်နေ့မှ ၁၁-၈-၂၀၂၄ ရက်နေ့ထိ (၃)ရက် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
လဲချား (မြို့နယ်၊ ပြန်/ဆက်)