သတင်းများ

မက်မန်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေ
Aug 09,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျေးရွာနေပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များသိရှိစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက် (၈)နာရီအချိန်က အေးကျန့်အုပ်စု၊ အေးကျန့်ကျေးရွာတွင် သွားရောက်ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ရတနာပုံတက္ကသိုလ်၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် ကြက်ခြေနီအကြောင်းနှင့် ရှေးဦးပြုစုခြင်းအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 09,2024
တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၊ တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်တို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် နှစ်စဉ်ကျင်းပသော အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အဖြစ် ရတနာပုံတက္ကသိုလ်တွင် ကြက်ခြေနီအကြောင်းနှင့် ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်၉နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့  ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ရတနာပုံတက္ကသိုလ် ကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ ဆရာ၊ ဆရာမများ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများ၊ စီမံဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မန္တလေးတိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများနှင့် သင်တန်းနည်းပြဆရာများ တက်ရောက်ကြသည်။
ညောင်ဦးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မိတ်ဖက်ဌာနဆိုင်ရာများ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Aug 09,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မိတ်ဖက်ဌာနဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်း ကျောင်း (အ.ထ.က-၂)တွင် အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Aug 09,2024
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဆွေးနွေးပွဲကို မြောက်ဥက္ကလာပမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ခရေခန်းမတွင် ဩဂုတ်လ ၇ ရက်နေ့ နေ့လယ် ၁ နာရီက ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေ ထုတ်ချေး
Aug 09,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သမန်းရင်းကျေးရွာ၌ ကျေးရွာမတည်စီမံကိန်းရန်ပုံငွေ(VRFP)ဖြင့် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန်အတွက် ပဉ္စမအကြိမ် စီမံကိန်းရန်ပုံငွေ ပြန်လည်ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် Gender အသိပညာပေး သင်တန်းဖွင့်လှစ်
Aug 09,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဖွင့်လှစ်သော Gender အသိပညာပေးသင်တန်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကဝမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုများကြောင့် ယာယီကယ်ဆယ်ရေးစခန်း(၇)ခုသို့ ပြောင်းရွှေ့နေထိုင်သူများအား ဆန်ရိက္ခာဖိုးငွေများ ထောက်ပံပေးအပ်
Aug 09,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုများကြောင့် ယာယီကယ်ဆယ်ရေးစခန်း(၇)ခုသို့ ပြောင်းရွှေ့နေထိုင်သူများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ဩဂုတ်လ ၇ ရက် မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မြို့သစ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ
Aug 09,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဩဂုတ်လ (၆) ရက်နေ့၊ မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။