ဒဂုံတောင် ဩဂုတ် ၉ လူငယ်များ ဗလငါးတန်ပြည့်စုံပြီး ဗဟုသုတများတိုးပွားစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲအခမ်းအနားကို ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၈)အခြေခံပညာအလယ်တန်းကျောင်း(အ.ထ.က-ခွဲ)၌ ဩဂုတ်လ ၇ ရက်နေ့ နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းအေးက အခမ်းအနားကျင်းပရခြင်း၏ရည်ရွယ်ချက်များနှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ခြင်းဆိုင်ရာများအသိပညာပေးပြောကြားကာ မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး စာရေးဆရာသက်ဝေမောင်က မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းများ၊ ရှောင်ရှားစေရန်များကို ဖြစ်ရပ်မှန်အကြောင်းအရာများ၊ အသိပညာပေးဟောပြောဆွေးနွေးပြီး အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ နေမျိုးအောင် ရန်ကုန်တိုင်းဒေသကြီး ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ