နတ်မောက်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဝင်ရောက်ယှဉ်ပြိုင်ရန် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နတ်မောက် ဩဂုတ် ၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ၂၀၂-ခုနှစ်၊ (၂)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဝင်ရောက်ယှဉ်ပြိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပြိုင်ပွဲအဆင့်များအနေဖြင့် ဝါသနာရှင်(ပထမတန်း)အဆင့်၊ ဝါသနာရှင် (ဒုတိယတန်း)အဆင့်၊ အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာ (အသက်၁၅-နှစ်ပြည့်မှ ၂၀-နှစ်အတွင်း) အဆင့်၊ အခြေခံပညာအသက် (၁၀-နှစ်ပြည့်မှ ၁၅-နှစ်အတွင်း)အဆင့်တို့တွင် နတ်မောက်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပညာရှင်အဆင့်နှင့် မျိုးဆက်သစ်သဘင်ပညာရှင်များနှင့် အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်မည့် ကျောင်းသား/သူများအနေဖြင့်  အဆို၊ အက၊ အရေး၊ အတီးများအား ကြိုတင်လေ့ကျင့်ထားရန် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်သဘင်ပညာရှင်များကလည်း ပေါင်းစပ်ညှိနှိုင်း အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

လှဝင်း