သာ​ကေတမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်​ရေး အသိပညာ​ပေးနယ်လှည့်ကွင်းဆင်း​ဆောင်ရွက်

သာကေတ သြဂုတ် ၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ကျောင်းသား၊ကျောင်းသူများ စာပေမှ ဗဟုသုတများစွာ ရရှိစေရန်၊ စာအုပ်စာပေများကို လက်ဝယ်အရောက် အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန်နှင့် စာပေကို ပိုမိုမြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ဗဟုသုတရရှိစေမည့် သုတ၊ ရသ စာအုပ်၊ စာစောင်များအား ကျောင်းသား၊ကျောင်းသူများ လက်ဝယ်အရောက် ငှားရမ်းပေးခြင်း၊ စာဖတ်ခြင်းအကျိုး အသိပညာပေးဟောပြောခြင်း၊​ သွေးလွန်တုပ်​ကွေး​ရောဂါအသိပညာ​ပေး၊ လူကုန်ကူးမှုအန္တရာယ် အသိပညာ​ပေး၊ က​လေးအလုပ်သမားပ​ပျောက်​ရေးအသိပညာ​ပေး ​နံရံကပ်စာ​စောင်ပြသခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီအချိန်က သာကေတမြို့နယ်၊ အမှတ်(၁၄)အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်း ဆောင် ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်မို့မို့သူ ကစာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်း အသိပညာပေးဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်၊ စာပေများဖတ်ရှုစေခြင်း၊ ဖတ်ရှုပြီးသည့်များကို ပြန်လည်မေးမြန်းခြင်း၊​ သွေးလွန်တုပ်​ကွေး​ရောဂါအသိပညာပေး၊လူ ကုန်ကူးမှုအန္တရာယ်အသိပညာ​ပေး၊ က​လေးအလုပ်သမားပ​ပျောက်​ရေး အသိပညာ​ပေးနံရံကပ်စာ​​​​စောင်များ ကြည့်ရှုခြင်းများကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးခြင်းကို သာကေတမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများသို့ အလှည့်ကျ သွားရောက်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မို့မို့သူ(ပြန်/ဆက်)