မြစ်သားမြို့နယ် ကူမဲမြို့ အ.ထ.ကကျောင်းတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအသိပညာပေးဟောပြောပွဲကျင်းပ 

မြစ်သား  သြဂုတ်  ၁၀ 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့ အ.ထ.ကကျောင်းတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် ကူမဲမြို့အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ဦးလေးဆွေက သန်းခေါင်စာရင်းဆိုသည်မှာ လူဦးရေဆိုင်ရာအကြောင်း အရာ၊ စီးပွားရေး၊ လူမှုရေးအကြောင်းအရာများအားတစ်နိုင်ငံလုံး (သို့မဟုတ်) သတ်မှတ်နယ်မြေဒေသ တစ်ခုတွင် လူတိုင်းတစ်ကြိမ်တည်းတစ်ပြိုင်တည်း ကောက်ယူသောလုပ်ငန်းဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းသည် မြန်မာနိုင်ငံ၏ တိကျမှန်ကန်သောလူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များ‌ကိုအချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိရန်နှင့် လိုအပ်သောမူဝါဒစီမံကိန်း၊ မဟာဗျူဟာ၊နည်းဗျူဟာများကို ချမှတ်နိုင်ရန်စသည့်ရည်ရွယ်ချက်များကို  အကျယ်တဝင့်ဟော ပြောပြီးတက်ရောက်လာကြသည့်ပြည်သူများက သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ ဆက်လက်၍ဟောပြောပွဲအပြီးတွင် ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းတွင် ပြည်သူအားလုံးပါဝင်လို့သန်း ခေါင်စာရင်းကောက်ကြစို့ အသိပညာပေးပိုစတာနှင့် လက်ကမ်းစာစောင်များးကို သန်းခေါင်စာရင်းကော်မတီဝင်များက တက်ရောက်လာကြသည့်ပြည်သူများအား (အခမဲ့)ဖြန့်ဝေပေးခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသောနံရံကပ်စာစောင် ပြပွဲနှင့်စာအုပ်စာစောင်များကို ဒေသခံပြည်သူများကစိတ်ဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ ကူမဲမြို့အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဇော်၊ မြစ်သားမြို့နယ်သန်းခေါင် စာရင်းကော်မတီအတွင်းရေးမှူး ဦးလေးဆွေနှင့်အဖွဲဝင်များ၊ မြစ်သားမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ယဉ်မွန်ဖိုး၊ ကူမဲမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်းသိရသည်။

သီတာအောင်(မြစ်သား)