မင်္ဂလာတောင်ညွန့် ဩဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စံပြဖဆပလရပ်ကွက်၊ အောင်ဆန်းကွင်း မိုးလုံလေလုံခန်းမတွင် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး မြန်မာဘော်လီဘော လူမှုရေးအသင်းအမှုဆောင်ဖလား အမျိုးသား၊ အမျိုးသမီး(၂၀)နှစ်အောက် ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဉီးစိုးသိန်းက အဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့ရာ အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုခဲ့ကြပါသည်။ ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံနှုတ်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီးအားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဉီးဌေးအောင်က မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ဆိုင်းဘုတ်ကိုင် ကျောင်းသူလေးများနှင့် ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ငွေကျပ် (၄)သိန်းပေးအပ်ခဲ့ပါသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဉီးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ မြန်မာနိုင်ငံဘော်လီဘောလူမှုရေးအသင်းဥက္ကဋ္ဌ ဦးရဲနိုင်နှင့်အဖွဲ့ဝင်များ၊ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းထွန်းနှင့်အဖွဲ့ဝင်များ ပြိုင်ပွဲဝင်အားကစားသမားများ ဧည့်ပရိသတ်များ စုစုပေါင်းအင်အား (၃၉၄)ဦးခန့်တက်ရောက်ခဲ့ပြီး မန္တလေးအသင်းနှင့် Youth Camp အသင်းတို့ ယှဉ်ပြိုင်ပွဲအား ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါဘော်လီဘောပြိုင်ပွဲအား(၁၀-၈-၂၀၂၄) ရက်နေ့မှ (၁၈-၈-၂၀၂၄) ရက်နေ့အထိ အမျိုးသား(၁၄)သင်းနှင့် အမျိုးသမီး(၇)သင်းတို့က ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြာင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)