သတင်းများ

Sunday Dhamma School ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားလာစေရန် နယ်လှည့်စာကြည့်တိုက်သွားရောက်ဆောင်ရွက်
Aug 19,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများသည် Sunday Dhamma School ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားလာစေရန်အတွက် နယ်လှည့်စာကြည့်တိုက်ကို ယမန်နေ့ နံနက် (၉) နာရီအချိန်က သွားရောက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ကျီးပြကျေးရွာတွင် ကန်စွန်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စိုက်ပျိုးရောင်းချသူများ အဆင်ပြေ
Aug 19,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ကျီးပြကျေးရွာတွင် ကန်စွန်းရွက်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်းနှင့် ကျေးရွာပြည်သူများအနေဖြင့် ယာမြေနှင့ကိုင်းကျွန်းမြေများတွင် နေ့စဉ်ဝင်ငွေရရှိသော ဆူးပုတ်၊ ချဉ်ပေါင်၊ ကြက်သွန်မိတ်၊ ပင်စိမ်း၊ ဆလပ်၊ ဘူး၊ ငရုပ်၊ ကြက်ဟင်းခါး၊ တိုင်ထောင်ပဲတောင့်ရှည်၊ ခရမ်းစသည့်ကာလတို ကုန်စိမ်းသီးနှံများလည်း စိုက်ပျိုးကြကြောင်း သိရသည်။
လိပ်သိုမြို့တွင် ကျောင်းကောင်စီဥက္ကဋ္ဌဖလားဘောလုံး ဗိုလ်လုပွဲ ကျင်းပ
Aug 19,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိုးရာသီကျောင်းတွင်းအားကစားလှုပ်ရှားမှု ကျောင်းကောင်စီဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် တတိယလုပွဲကို အဆိုပါကျောင်း ဘောလုံးကွင်း၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ မိုးစပါး မျိုးစေ့ထုတ်စံပြကွက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြ
Aug 19,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာအုပ်စု၊ တပ်ကုန်းကျေးရွာ၊ ကွင်းအမှတ်(၄၉၅) တောင်သူ ဦးကျော်တင်၏ လယ်မြေ(၇)၌ ယနေ့နံနက် ၇ နာရီက မိုးစပါး မျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ ​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်​ဆေး
Aug 19,2024
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယမန်​နေ့နံနက်ပိုင်းက စိုက်ပျိုး​ရေး၊  စိုက်ပျိုး​ရေရရှိ​ရေးနှင့် ​ကျေးရွာစာကြည့်တိုက်များကို ကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့​ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေများမြင့်တက်ပြီး နေအိမ်အချို့နှင့် လယ်ကွင်းများအတွင်း ရေဝင်ရောက်မှုဖြစ်ပွား
Aug 19,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ဩဂုတ်လ (၁၃) ရက်နေ့မှ (၁၆) ရက်နေ့အထိ မိုးများ အဆက်မပြတ်ရွာသွန်းမှုများကြောင့် နမ့်တွမ်ချောင်း၊ နမ့်စလိုင်ချောင်း၊ နမ့်မယ်မှန်းချောင်းတို့မှရေများ မြင့်တက်ခဲ့ပြီး မြို့၏အနိမ့်ပိုင်းရှိ လူနေအိမ်နှင့် ရေချောင်းပတ်ဝန်းကျင် မြေနိမ့်ပိုင်းလယ်ကွင်းများအတွင်းသို့ ရေဝင်ရောက်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မုံရွာမြို့ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်း အနားကျင်းပ
Aug 19,2024
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းဆိုင်ရာ တိုင်းဒေသကြီးအဆင့် နည်းပြ သင်တန်းဖွင့်ပွဲ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 19,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကုန်းသာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ကန်ရေကျေးရွာအခြေခံပညာအလယ်တန်းကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။